Frequently Asked Question
Rules and Regulations
Everything you need to know
Register now !
Get up to 30% OFF now with bundle tickets that includes Sunset Rhythm Tickets too!
Race Routes
10 KM
- 5 KM x 2 Laps
- 2 hrs COT
Challenge for runners who determined to hit a new milestone and good challenge for starter.
Diamond Sponsor
Platinum Sponsor
Gold Sponsors
Official Mobile Photography Partner
Silver Sponsors
Official Medical Partner
Partners
Race Information
Oct – 9th & 10th, 2026 (Fri & Sat) Expo Day
9am to 4pm: Expo & Bib Collection
Oct – 11th, 2026 (Sun) Event Day
03:30 AM – Arrival Time
04:00 – 04:15 AM – Warmup Session
04:30 AM – Race Start
06:15 AM – 3KM Cut Off Time (45 mins)
07:00 AM – 10KM Cut Off Time (2 hours)
08:30 AM – 21KM Cut Off Time (4 hours)
09:00 – 10:30 AM – Award Ceremony
10:30 AM – Chill Zone Area Opens
Agenda may change. Pls follow us on Facebook page and join Viber community to stay up to date.
အောက်တိုဘာ – ၉ရက်၊ ၁၀ရက်၊ ၂၀၂၆ (သောကြာ၊ စနေ)
မနက် ၉နာရီ မှ ညနေ ၄နာရီအထိ : ပြပွဲနေ့ နှင့် BIB Number ထုတ်ယူခြင်း။
အောက်တိုဘာ – ၁၁ရက်၊ ၂၀၂၆ (တနင်္ဂနွေနေ့)
မနက် ၃း၃၀ နာရီ – ရောက်ရှိချိန်။
မနက် ၄း၀၀ နာရီ – ၄း၁၅ နာရီ – သွေးပူလေ့ကျင့်ခန်းပြုလုပ်ချိန်။
မနက် ၄း၃၀ နာရီ – ပြေးပွဲ စတင်တာလွှတ်ချိန်။
မနက် ၆း၁၅ နာရီ – ၃ ကီလိုမီတာ ပန်းဝင်ချိန်။ COT (၄၅ မိနစ်ကန့်သတ်ချိန်)
မနက် ၇း၀၀ နာရီ – ၁၀ ကီလိုမီတာ ပန်းဝင်ချိန်။ COT (၂နာရီ ကန့်သတ်ချိန်)
မနက် ၈း၃၀ နာရီ – ၂၁ ကီလိုမီတာ ပန်းဝင်ချိန်။ COT (၄နာရီ ကန့်သတ်ချိန်)
မနက် ၉း၀၀ နာရီ – ဆုပေးပွဲ။
မနက် ၁၀း၃၀ နာရီ – Chill Zone ဖွင့်လှစ်ချိန်။
ပွဲအစီအစဉ်များသည် အချိန်နှင့်အမျှပြောင်းလဲနိုင်ပါသဖြင့် နောက်ဆုံးရ အချက်အလက်များကို သိရှိစေရန် ကျွနိုပ်တို့ ၏ StarCity Sports Club ၏
Facebook Page အား Follow လုပ်ထားရန် နှင့် Viber Group များအား ဝင်ရောက်ထားရန်လိုအပ်ပါသည်။
A group of 10 participants (minimum) is qualified for additional 10% off.A group can consist of a minimum of 10 people up to a maximum of 25 people. For group registrations, please contact our sales team directly at 09 777 377 666, 09 777 377 555 or scsc-sales@yomaland.com.
အဖွဲ့လိုက်လျှော့ဈေး
(အနည်းဆုံး) လူ ၁၀ယောက်အဖွဲ့လိုက် စာရင်းသွင်းမှုအတွက် Group discount ၁၀% ရရှိမည်ဖြစ်သည်။ Group Registrations ပြုလုပ်လိုပါက 09 777 377 666 ၊ 09 777 377 555 သို့မဟုတ် scsc-sales@yomaland.com သို့ဆက်သွယ်နိုင်ပါသည်။
21KM cut-off time: 4 hours
10KM cut-off time: 2 hours
3KM cut-off time: 45 mins
Participants who start after cut off start time will be excluded from the race results.
ION+ SCSC Half Marathon ပွဲတွင် ၂၁ ကီလိုမီတာ, ၁၀ ကီလိုမီတာ , ၃ကီလိုမီတာ စသည့် အကွာအဝေး ခေါင်းစဉ်များအောက်တွင် မိမိတို့၏အတွေ့အကြုံအလိုက်ရွေးချယ်ကာ ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါသည်။
၂၁ ကီလိုမီတာ
မာရသွန်အတွေ့အကြုံရှိပြီး (4နာရီ) အတွင်းပြီးမြောက်အောင် ပြေးနိုင်မည့် well-trained runners များအတွက် အကွာအဝေး ဖြစ်ပါသည်။
၁၀ ကီလိုမီတာ
၁၀ ကီလိုမီတာ (10 KM) ကတော့ (2နာရီ) အတွင် ပြီးမြောက်အောင် ပြေးမည့် New runners များအတွက် သင့်တော်သောအကွာအဝေးဖြစ်ပါသည်။
၃ ကီလိုမီတာ
သူငယ်ချင်း , မိသားစုများနှင့်အတူ အပျော်တမ်း ပြေးချင်သူများအတွက်လည်း သင့်တော်ပြီး ၄၅ မိနစ်အတွင်းပြီးမြောက်အောင် ပြေးရမည်ဖြစ်ပါသည်။
ပါဝင်ယှဉ်ပြိုင်မည့်သူတိုင်းသည် ပြိုင်ပွဲ၏ တရားဝင် သတ်မှတ်ချက်များအတိုင်း လိုက်နာရန် လိုအပ်ပါသည်။
Top 10 result for 21km and 10km will be announced. Top 3 for 21 km and 10km will receive trophies and cash prizes 4th place to 10th place will receive commemorative medals and cash prizes.
Rankings from timing website will be final for both 21KM and 10KM.
Finisher medals & finisher t-shirt: All categories will receive their respective finisher medals but only 21KM finishers will receive a Finisher T-Shirt
Did Not Finish (DNF) participants:
Participants who finished the race beyond the cut off time given to them for their respective race will be marked as Did Not Finish in the results page.
All DNF participants are not eligible to receive the medals and/or the finisher shirt. The reason is that the participant did not finish the race in the allotted time given.
Participants who missed their checkpoints will also be marked as DNF and will not receive an official ranking.
ရလဒ်များနှင့် ဆုများ
၂၁ ကီလိုမီတာ နှင့် ၁၀ ကီလိုမီတာ ပြေးပွဲတွင် Top ၁၀ ဦးကို ကြေညာသွားမည် ဖြစ်ပါသည်။ ၂၁ ကီလိုမီတာ နှင့် ၁၀ ကီလိုမီတာ ပြေးပွဲတွင် Top ၃ ဦးသည် ဆုတံဆိပ်၊ ငွေကြေးဆုများ နှင့် certificate များ ရရှိမည် ဖြစ်ပါသည်။ Top ၄ ဦး မှ Top ၁၀ ဦးအထိ ပါဝင်သူများသည် ဂုဏ်ပြုတံဆိပ်များ နှင့် ငွေကြေးဆုများ ရရှိမည် ဖြစ်ပါသည်။
၂၁ ကီလိုမီတာနှင့် ၁၀ ကီလိုမီတာ အနိုင်ရရှိသူများ၏ အဆင့်သတ်မှတ်ချက်များကိုဆုံးဖြတ်သည့်အခါ အချိန်မှတ်စနစ် ဝက်ဘ်ဆိုက်က ထွက်လာတဲ့ အချက်အလက်များကိုသာ အတည်ပြု အဆုံးအဖြတ်အဖြစ် ယူပါမည်။
Finisher ဆုတံဆိပ်များနှင့် Finisher t-shirt : ပြိုင်ပွဲသတ်မှတ်ချိန်အတွင်း စတင်မှတ်နှင့် ပန်းဝင်မှတ်ကို ပြီးဆုံးအောင် ဖြတ်ကျော်နိုင်သူအားလုံးသည် Finisher ဆုတံဆိပ်များ ရရှိမည်ဖြစ်ပြီး ၂၁ ကီလိုမီတာကျော်ဖြတ်နိုင်သူများသာ Finisher t-shirt ကိုရရှိမည်ဖြစ်ပါသည်။
ပြိုင်ပွဲပြီးဆုံးအောင်မပြေးနိုင်သူများ (DNF): သက်ဆိုင်ရာပြိုင်ပွဲတိုင်းမှာ သတ်မှတ်ချိန်ထက်ကျော်လွန်ပြီးမှ ပြိုင်ပွဲပြီးဆုံးသူများအား results page တွင် “Did Not Qualify” အဖြစ် သတ်မှတ်မည်ဖြစ်သည်။ DNF runners အားလုံးသည် medals (ဆုတံဆိပ်) နှင့် finisher shirt များကို ရရှိမည်မဟုတ်ပါ ။ အကြောင်းမှာ _ ပါဝင်သူသည် သတ်မှတ်ထားသောပြိုင်ပွဲချိန်အတွင်း ပြီးဆုံးခြင်းမရှိသောကြောင့် ဖြစ်ပါသည်။
- Participants must complete the race course correctly and cross the finish line within the given the cut off time
- Participants must wear bib number visibly
- Participants must go through all checkpoints on the race course.
- ပြိုင်ပွဲဝင်နေများ အနေဖြင့် သတ်မှတ်ထားသော အချိန် အတွင်း ပြိုင်ပွဲစည်းကမ်းများနှင့် အညီ ပန်းဝင် မှသာ Ranking ထဲပါဝင်မည် ဖြစ်ပါတယ်။
- ပြိုင်ပွဲဝင်တိုင်း Bibs Number များ သေချာစွာ ဝတ်ဆင်ရပါမည်။
- ပြိုင်ပွဲဝင်များသည် ပြေးလမ်းမပေါ်ရှိ Checkpoints များအားမဖြစ်မနေဖြတ်ကျော်ရပါမည်။
- Without exception, all participants must agree to and sign the E-Waiver form below by clicking in the box “Agree”.
- Minimum age of a participant to enter the ION+
SCSC Half Marathon (21KM) is 16 years old and 14 years old for 10KM race. Any participant discovered to be under the required age by registered distance will be disqualified. - For the 3KM, everyone over 5 Years old may join the race but a Parent or legal guidance must accompany and be present during the 3KM race for kids under 14 years old.
- No show will result in auto-disqualified.
- Race entry fees are non-refundable and non-transferable under all circumstances.
- Race bibs must be collected by the person who originally registered for it. All participants must show their valid ID and QR that was sent through mail during confirmation when picking up their race kits on Oct, 9th & 10th, 2026.
- For cases where the participant cannot collect their race kit, friends and family may come collect their race kit by showing the original ID and QR that was sent through mail during confirmation
ပြိုင်ပွဲဝင်ခွင့်နှင့် မှတ်ပုံတင်ခြင်းအတွက်လိုအပ်ချက်များ
- အခြေအနေမရွေး, ပါဝင်ယှဉ်ပြိုင်မည့်သူအားလုံးသည် အောက်ပါ E-Waiver ဖောင်ကို သဘောတူညီကြောင်း အတည်ပြုရန်လိုအပ်သည်။ သဘောတူညီကြောင်းအတည်ပြုရန်အတွက် “Agree” ဟူသော နေရာတွင် နှိပ်ပါ။
- ION+ SCSC Half Marathon (၂၁ ကီလိုမီတာ) ပြိုင်ပွဲအတွက် ပါဝင်ပြိုင်မည့်သူသည် အနည်းဆုံးအသက် (၁၆)နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
- ၁၀ ကီလိုမီတာ ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်သည် အနည်းဆုံးအသက် (၁၄) နှစ် ပြည့်ပြီးဖြစ်ရမည်။ သတ်မှတ်အသက်ထက် ငယ်ရွယ်သူများကို ပြိုင်ပွဲစည်းမျဉ်းအရ ပွဲမှထုတ်ပယ်ပါမည်။
- ၃ ကီလိုမီတာ ပြိုင်ပွဲအတွက် အသက်အရွယ် ကန့်သတ်ချက်မရှိပါ။ အသက် (၅) နှစ်ကျော်ကလေးများအတွက် မိဘ (သို့မဟုတ်) အုပ်ထိန်းသူ တစ်ဦးဦးမှ ပြိုင်ပွဲတစ်လျှောက် လိုက်ပါစောင့်ရှောက်ပေးရမည်။
- ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါက အလိုအလျောက် ထုတ်ပယ်ခြင်းခံရမည်ဖြစ်သည်။
- မည်သည့်အခြေအနေတွင်မဆို ပြိုင်ပွဲဝင်ကြေးကို ပြန်အမ်းပေးခြင်း (သို့မဟုတ်) အခြားသူတစ်ဦးထံသို့ လွှဲပြောင်းပေးခြင်း ပြုလုပ်မည်မဟုတ်ပါ။
- ပြိုင်ပွဲဝင်နံပါတ်ကတ် (BIB) များကို ပြိုင်ပွဲအတွက် မူလမှတ်ပုံတင်ထားသူကိုယ်တိုင်မှသာ လာရောက်ထုတ်ယူရမည်ဖြစ်သည် ။ ပါဝင်ယှဉ်ပြိုင်မည့် Runners အားလုံးသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ၊ ၁၀ ရက်နေ့ တွင် ပြိုင်ပွဲဝင်ပစ္စည်းများ(race packets) ထုတ်ယူသည့်အချိန်တွင် မိမိတို့၏ တရားဝင် မှတ်ပုံတင်ကတ်ပြား(ID) နှင့် Confirmation QR ကိုပါ တစ်ခါတည်း ပြသပေးရပါမည်။
- အကယ်၍ ပြိုင်ပွဲဝင်သည် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက မိသားစုဝင်များနှင့် သူငယ်ချင်းများသည် အဆိုပါပြိုင်ပွဲဝင်၏ တရားဝင်မှတ်ပုံတင်ကတ်ပြားနှင့် Confirmation QR ကိုပြ၍ ကိုယ်စားထုတ်ယူပေးနိုင်ပါသည်။
- All registrations, BIB assigned are strictly prohibited from being swapped, or worn by another person on race day. A person running with a BIB not assigned to them will result in the disqualification of the person wearing the BIB, who is running with the unmatched BIB. The person to whom the BIB is registered to will also be disqualified.
- All participants must wear, always, the official BIB at the start line, race route, and finish line to be identified and treated as a participant of the race.
- Race BIB’s must be pinned on the front of the participant’s singlet, shirt, or shorts and must always be clearly visible, while on the race course and finish line. Participants who can’t be verified as they pass through officials and checkpoints due to missing or obscured race numbers may be determined to have cut the course and removed from the results or disqualified. Race BIB numbers may not be folded or cut.
BIB နံပါတ်
- မိမိအမည်ဖြင့် မှတ်ပုံတင်ထားခြင်း မရှိသည့် အခြားသူ၏ BIB ကို အသုံးပြုပါက ပွဲမှ ထုတ်ပယ်ခြင်း ခံရမည်ဖြစ်ပြီး၊ ၄င်း BIB၏ မူလပိုင်ရှင်ကိုလည်း ပြိုင်ပွဲမှ ထုတ်ပယ်သွားမည်ဖြစ်သည်။
- Runners အားလုံးသည် ပြိုင်ပွဲစတင်မှတ်၊ ပြေးလမ်းကြောင်းနှင့် ပန်းဝင်မှတ်တို့တွင် တရားဝင် BIB ကို အမြဲတမ်း ဝတ်ဆင်ထားရမည်။ ထိုသို့ဝတ်ဆင်ခြင်းဖြင့် ပြိုင်ပွဲဝင် runnerတစ်ဦးအဖြစ် အသိအမှတ်ပြုခံရရန် ဖြစ်သည်။
- ပါဝင်သူ Runners များအနေဖြင့် စတင်ပြေးနေစဉ်ကနေ ပြီးဆုံးသည်အထိ ပြိုင်ပွဲတစ်လျှောက်လုံးမှာ မိမိBIB နံပါတ်ကို အမြဲထင်သာမြင်သာရှိနေစေရန်၊ မိမိအင်္ကျီ အရှေ့ (သို့မဟုတ်) ဘောင်းဘီအရှေ့တို့တွင် တပ်ဆင်ထားရမည်ဖြစ်သည် ။ တာဝန်ရှိသူများနှင့် စစ်ဆေးရေးဂိတ်များကိုကျော်ဖြတ်သည့်အခါ ပြိုင်ပွဲဝင်နံပါတ်(BIB) မပါရှိခြင်း (သို့မဟုတ်) မမြင်ရခြင်းကြောင့် အတည်ပြု၍မရပါက လမ်းကြောင်းဖြတ်တောက်သည်ဟု ယူဆ၍ ရလဒ်မှ ပယ်ဖျက်ခြင်း သော်လည်းကောင်း ၊ ပွဲမှ ထုတ်ပယ်ခြင်း သော်လည်းကောင်း ခံရနိုင်သည်။ Race BIB နံပါတ်ကို ခေါက်ခြင်း ၊ ဖြတ်တောက်ခြင်းများ မပြုလုပ်ရပါ ။
Acknowledgment, Release, and Indemnity
The participant knows that running a road race is a potentially hazardous activity. The participant will not enter and run unless the participant is medically able and properly trained. The participant agrees to abide by any decisions of a race official relative to his/ her ability to safely complete the run. The participant assumes all risks associated with running this race, which cannot be eliminated completely, ranging from minor injuries to catastrophic injuries, including, but not limited to tripping and falling, contact with other participants, the effects of weather, traffic and the conditions of the road and death, all such risks being known and acknowledged by the participant.
Having read this waiver and knowing these facts and in consideration of acceptance of entry, the participant, for his/ herself and anyone entitled to act on his/ her behalf, waive and release the race and the Star City Sports Club, its board members, officers, employees, sponsors, volunteers, contractors, subcontractors, and agents, their representatives and successors from, and agree not to sue any of the foregoing on, any and all claims or liabilities of any kind arising out of his/ her participation in this race even though that liability may arise out of negligence, whether sole, joint, concurrent, or gross, or carelessness on the part of the person named in this waiver.
The participant is strictly not allowed to transfer his/ her race entry, BIB number to another party. Any transfer case without confirmation by the organizer will be considered an invalid registration. Invalid registration will not be entitled to the benefit of participants and will not be considered for the race result.
In the race of inclement weather and the organizer has decided to postpone, stop, or cancel the race, the participant agrees to abide by their decision and if the participant decides otherwise, he/she acknowledges all the risks involved and hereby waives & releases the race, its organizers, board members, officers, employees, sponsors, volunteers, contractors, subcontractors, and agents, their representatives and successors and Star City Sports Club, from any and all claims or liabilities.
If the participants are registering a child under the age of 18 or an incapacitated adult you represent and warrant that you are the parent or legal guardian of that party and have the legal authority to enter into this agreement on their behalf and by proceeding with this race registration, you agree that the terms of this Agreement and Waiver shall apply equally to all Registered Parties.
E-Waiver သဘောတူညီချက်
သိရှိနားလည်ခြင်း၊ ကင်းလွတ်ခြင်းနှင့် လျော်ကြေးပေးခြင်းဆိုင်ရာ သဘောတူညီချက်
ပြိုင်ပွဲဝင်အနေဖြင့် ပြေးလမ်းပေါ်မှာယှဉ်ပြိုင်ခြင်းဟာ အန္တရာယ်များသောစွန့်စားမှုတစ်ခုဖြစ်ကြောင်းကို ကောင်းစွာနားလည် သဘောပေါက်ထားပါသည်။ ပြိုင်ပွဲဝင်သည် ကျန်းမာရေးအရ ပြေးဖို့အရည်အသွေးမပြည့်မီခြင်း ၊ သင့်လျော်စွာ လေ့ကျင့်ထားမှုမရှိခြင်းတို့ရှိပါက၊ ပါဝင်ယှဉ်ပြိုင်ခွင့်ရမည် မဟုတ်ကြောင်း အတည်ပြုပါသည်။
ပြိုင်ပွဲဝင်အနေဖြင့် ပွဲအတွင်းမှာ ဘေးကင်းစွာ ယှဉ်ပြိုင်နိုင်ရန်နှင့်ပတ်သက်ပြီး ပွဲတာဝန်ရှိသူ၏ ဆုံးဖြတ်ချက်များကို လိုက်နာပါမည်ဟု သဘောတူပါသည်။
ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်သည်
မိမိသဘောဆန္ဒအလျှောက် ဤယှဉ်ပြိုင်မှုနှင့်ဆက်စပ်၍ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်အားလုံးအပေါ် လုံးဝ ငြင်းပယ်ရန် မဖြစ်နိုင်ကြောင်း သိရှိနားလည်ပြီး တာဝန်ယူပါသည်။
ထိုအန္တရာယ်များတွင် အသေးအဖွဲထိခိုက်ဒဏ်ရာများမှသည်၊ ခြေချော်လဲခြင်း၊ အခြားပြိုင်ပွဲဝင်များနှင့် ထိခိုက်မိခြင်း၊ ရာသီဥတုဒဏ်၊ ယာဉ်ကြောပိတ်ဆို့မှု၊ လမ်းအခြေအနေနှင့် သေဆုံးခြင်းကဲ့သို့ အသက်အန္တရာယ်ရှိသည့် ပြင်းထန်ဒဏ်ရာများအထိ စသည့် ထိခိုက်မှုအန္တရာယ်များအားလုံးကို ပြိုင်ပွဲဝင်အနေဖြင့် ကောင်းစွာ သိရှိနားလည်ပြီးဖြစ်ကြောင်း အတည်ပြုပါသည်။
အဆိုပါ ကင်းလွတ်ခွင့် (waiver) ကိုဖတ်ရှုပြီး အထက်ပါအချက်အလက်များကို သေချာစွာနားလည်သဘောပေါက်သည့်အပြင် ပါဝင်ခွင့်ရရှိမှုအတွက် ပြိုင်ပွဲဝင်(ကျွန်တော်/ကျွန်မ)သည်, မိမိနှင့် မိမိကိုယ်စားလုပ်ပိုင်ခွင့်ရှိသူတို့မှ ဤပြိုင်ပွဲနှင့်ဆက်စပ်သည့် ” Star City Sports Club၊ ပြိုင်ပွဲ၏ ဒါရိုက်တာအဖွဲ့ဝင်များ၊ အရာရှိများ၊ ဝန်ထမ်းများ၊ စပွန်ဆာများ၊ စေတနာ့ဝန်ထမ်းများ၊ ကန်ထရိုက်တာများ၊ ဆပ်ကန်ထရိုက်တာများနှင့် အေးဂျင့်များ၊ ၎င်းတို့၏ ကိုယ်စားလှယ်များနှင့် successors များအား” ဤပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမှ ဖြစ်ပေါ်လာသော အကြောင်းတစ်စုံတစ်ရာအတွက် မည်သည့်တောင်းဆိုမှု၊ တာဝန်ယူမှုမျှ မပြုလုပ်ဘဲ တရားရေးဆိုင်ရာ တာဝန်များမှ ကင်းလွတ်ခွင့်ပေးကြောင်းနှင့် ပေါ့လျော့မှု၊ ပူးတွဲပေါ့လျော့မှု၊ တစ်ပြိုင်နက်တည်း ပေါ့လျော့မှု (သို့မဟုတ်) ပြင်းထန်သော ပေါ့လျော့မှု အပါအဝင် ၊ မည်သည့်ပုံစံမျိုးဖြင့်ဖြစ်စေ ပေါ့လျော့မှု (သို့မဟုတ်) ပေါ့ဆမှုကြောင့် ဖြစ်ပေါ်လာသော အကြောင်းအရာများအတွက် အထက်ဖော်ပြပါ ပြိုင်ပွဲဖြစ်မြောက်ရေးအဖွဲ့ဝင် မည်သူတစ်ဦးကိုမျှ တရားစွဲဆိုမည် မဟုတ်ကြောင်း သဘောတူညီပါသည်။
ပြိုင်ပွဲဝင်သည် မိမိ၏ BIB နံပါတ်ကို အခြားသူတစ်ဦးထံ လွှဲပြောင်းခြင်းကို လုံးဝခွင့်မပြုပါ ။ ပွဲစီစဉ်သူများမှ အတည်ပြု ခြင်းမရှိဘဲ လွှဲပြောင်းမှုတစ်စုံတစ်ရာကို ပြုလုပ်ပါက “စာရင်းသွင်းခြင်း အကျုံးမဝင်” ဟု သတ်မှတ်ခြင်းခံရပါမည်။ ထိုအကျုံးမဝင်သော စာရင်းသွင်းမှုအတွက် ပြိုင်ပွဲဝင်၏ အကျိုးခံစားခွင့်များကိုရရှိမှာ မဟုတ်သည့်အပြင်၊ ပြိုင်ပွဲရလဒ်အတွက်လည်း ထည့်သွင်းစဉ်းစားခံရမည် မဟုတ်ကြောင်း သိရှိပါသည်။
ရာသီဥတုဆိုးရွားမှုကြောင့် ပြိုင်ပွဲအား ရွှေ့ဆိုင်းရန်၊ ရပ်တန့်ရန် (သို့မဟုတ်) ဖျက်သိမ်းရန် စီစဉ်သူမှ ဆုံးဖြတ်ပါက ပြိုင်ပွဲဝင်သည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို လိုက်နာရန် သဘောတူပြီး၊ အကယ်၍ ပြိုင်ပွဲဝင်ကိုယ်တိုင်မှ အခြားနည်းဖြင့် ဆုံးဖြတ်ပါက၊ ပါဝင်ပတ်သက်သော အန္တရာယ်အားလုံးကို ပြိုင်ပွဲဝင်ကိုယ်တိုင် သိရှိလက်ခံသည့်အပြင် ဤပြိုင်ပွဲ၏ စီစဉ်သူများ၊ ဘုတ်အဖွဲ့ဝင်များ၊ အရာရှိများ၊ ဝန်ထမ်းများ၊ စပွန်ဆာများ၊ စေတနာ့ဝန်ထမ်းများ၊ ကန်ထရိုက်တာများ၊ ဆပ်ကန်ထရိုက်တာများနှင့် အေးဂျင့်များ၊ ၄င်းတို့၏ ကိုယ်စားလှယ်များ၊successorsများနှင့် Star City Sports Club တို့အား မည်သည့်တောင်းဆိုမှု (သို့မဟုတ်) တာဝန်ယူမှုများမှမပြုဘဲ ကင်းလွတ်ခွင့်ပေးရန်နှင့် တရားစွဲဆိုမည်မဟုတ်ကြောင်း သဘောတူပါသည်။
အသက် ၁၈ နှစ်အောက် ကလေးငယ် (သို့မဟုတ်) အရွယ်ရောက်ပြီးသားမသန်စွမ်းသူတစ်ဦး၏ကိုယ်စား ပြိုင်ပွဲစာရင်းသွင်းပေးပါက၊ ထိုစာရင်းသွင်းပေးသူသည် ၎င်းပြိုင်ပွဲဝင်၏ မိဘ (သို့မဟုတ်) တရားဝင်အုပ်ထိန်းသူဖြစ်ကြောင်း အာမခံကတိပြုရမည်ဖြစ်ပြီး၊ ထိုယှဉ်ပြိုင်မည့်သူ၏ကိုယ်စား အထက်ပါ သဘောတူညီချက်များကို လက်ခံချုပ်ဆိုရန်အတွက် တရားဝင်လုပ်ဆောင်ခွင့်အာဏာရှိကြောင်း ဖော်ပြပေးရမည်ကို ပြိုင်ပွဲဝင်၏အုပ်ထိန်းသူအနေဖြင့် သိရှိရပါမည်။
ထို့အပြင် ဤပြိုင်ပွဲ စာရင်းသွင်းမှတ်ပုံတင်ခြင်းကို ဆက်လက်လုပ်ဆောင်ခြင်းအားဖြင့် Waiver တွင်ပါဝင်သော သဘောတူညီချက်နှင့်ကင်းလွတ်ခွင့်စည်းကမ်းချက်များသည် မှတ်ပုံတင်စာရင်းသွင်းထားသော ပြိုင်ပွဲဝင်အားလုံးနှင့် တန်းတူသက်ရောက်မှုရှိမည်ကို သဘောတူလက်ခံကြောင်း အတည်ပြုပါသည်။
Hotline Ph No . +959 777 377 666
Viber Link : https://bit.ly/4nPEvSd
FB Page : https://www.facebook.com/starcitysportsclub?mibextid=ZbWKwL
ဆက်သွယ်မေးမြန်းရန်
Hotline ဖုန်းနံပါတ် : +959 777 377 666
Viber လင့် : https://bit.ly/4nPEvSd
Facebook စာမျက်နှာ လင့် : https://www.facebook.com/starcitysportsclub?mibextid=ZbWKwL