Frequently Asked Question
11th October 2026 နေ့ ၊ မနက် ၄း၀၀ နာရီ ကနေ စပြီးကျင်းပသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်များအနေဖြင့် မနက် ၃း၃၀ မတိုင်ခင် Check in အပြီးလုပ်ပေးရပါမယ်။
It will be held on October 11th, 2026, starting from 4:00 AM. Participants must complete their check-in before 3:30 AM.
3KM, 10KM, 21KM ယှဥ်ပြိုင်လို့ရပါတယ်ခင်ဗျာ/ရှင်။ သို့သော် 3KM နှင့် 10KM ပြိုင်ပွဲဝင်တွေကတော့ ပြိုင်ပွဲပြီးလျှင် Finisher Shirt ရမှာ မဟုတ်ပါဘူး ခင်ဗျာ/ရှင်။
You can compete in 3KM, 10KM, and 21KM. However, 3KM and 10KM participants will not receive a Finisher Shirt upon completing the race.
21KM အတွက် COT 4 hours
10KM အတွက် COT 2 hours
3KM အတွက် COT 45 mins ဖြစ်ပါတယ်။
COT for 21KM is 4 hours;
COT for 10KM is 2 hours;
COT for 3KM is 45 minutes.
Half Marathon (21KM) ကို ပါဝင်ရန် အသက်အနည်းဆုံး 16 နှစ် ဖြစ်ရမည်ဖြစ်ပြီး
10KM အတွက် အနည်းဆုံး 14 နှစ်ဖြစ်ရပါမယ်
3KM အတွက် အနည်းဆုံး 5 နှစ် ကနေပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။
To participate in the Half Marathon (21KM), the minimum age requirement is 16 years old. For 10KM, the minimum age is 14 years old. For 3KM, participants can join starting from a minimum age of 5 years old.
Bib မှာ Disposable RFID Reader ပါမှာပါ။
A disposable RFID reader will be included in the Bib.
Timing chip က ပြိုင်ပွဲပြီးရင်ပြန်အပ်ဖို့မလိုပါဘူး။ Disposable Timing Chip ပါ။
The timing chip does not need to be returned after the race. It is a disposable timing chip.
အနည်းဆုံး ၁၀ ယောက်ကစပြီး 25 ယောက်အထိ ပါဝင်လို့ရပါတယ်။
For group registrations, please contact our sales team directly at Phone : 09 777 377 666, 09 777 377 555 or Email : scsc-sales@yomaland.com.
A group can consist of a minimum of 10 people up to a maximum of 25 people. For group registrations, please contact our sales team directly at Phone : 09 777 377 666, 09 777 377 555 or Email : scsc-sales@yomaland.com..
အစောဆုံး registration လုပ်သူများက 10% Dis ရရှိမှာဖြစ်ပါသည်။ Early Bird Registration ကတော့ July 31 ရက်နေ့မတိုင်ခင်ပေးသွင်းလို့ရပါမယ်။ လူဦးရေကန့်သတ်ထားပါသဖြင့် Early Register ပြည့်သည့်အခါ ပိတ်နိုင်ပါသည်။
Those who register the earliest will receive a 10% discount. Early Bird Registration payments can be made until July 31st. Since the number of slots is limited, registration may close early.
21KM
Early Bird Solo – 150,000ks
Solo – 170,000ks
Group – 153,000ks
10KM
Early Bird Solo – 110,000ks
Solo – 130,000ks
Group – 117,000ks
3KM
Early Bird Solo – 65,000ks
Solo – 80,000ks
Group – 72,000ks
SCSC Members and Residents
3KM – 72,000ks
10KM – 117,000ks
21KM – 153,000
Register ဖြည့်ပြီး ၂၄ နာရီအတွင်း Registration Form ဖြည့်ခြင်း အောင်မြင်ကြောင်း email ထဲကို Invoice Number and QR နှင့်တကွ အကြောင်းကြားပေးပါမည်။
Within 24 hours of completing registration, a confirmation email with an Invoice Number and QR code will be sent to notify you that the registration form submission was successful.
30 September 2026 နေ့ဖြစ်ပါတယ်။
It is September 30th, 2026.
ကျတော်/ကျမတို့ ဘက်က 21 KM – 4 hrs, 10 KM – 2hrs, 3 KM – 45 mins သတ်မှတ်ထားပြီး အဲ့နောက်ပိုင်းမှ ဝင်ရောက်တဲ့သူများကတော့ DNF ဖြစ်သွားမှာဖြစ်ပါတယ်။ DNF ဖြစ်သူများအတွက် Finisher Shirt and Medal များရရှိနိုင်မည်မဟုတ်ပါ။ DNF သမားများကိုတော့ SCSC Website and E-Certificate များအတွက်လည်း Disqualified ဆိုပြီး ဖော်ပြသွားမှာဖြစ်ပါတယ်။
We have set limits of 21KM – 4 hrs, 10KM – 2 hrs, and 3KM – 45 mins. Anyone finishing after these times will be marked as DNF. DNF participants will not receive Finisher Shirts and Medals. They will also be listed as “Disqualified” on the SCSC Website and E-Certificates.
21km သမားများအတွက် ပန်းဝင်ချိန်မှာပေးသွားမှာပါ။ (10KM,3 KM Runners များသည် Finisher Shirt ရမှာမဟုတ်ပါဘူး။)
It will be given to 21km runners at the finish line. (10KM and 3KM runners will not receive a Finisher Shirt).
ဆုကြေးအနေဖြင့် 21km and 10km Top 10 အတွက် Trophy and Cash prize တွေ ပေးအပ်သွားမှာဖြစ်ပါတယ်။
ဒါ့အပြင် သက်မှတ်ထားသောအချိန်တွင်းပန်းဝင်တဲ့သူအားလုံးကို Finisher Medal ပေးအပ်သွားမှာပဲဖြစ်ပါတယ်။ 21km သမားများကိုတော့ Finisher Shirt ပါပေးအပ်သွားမှာဖြစ်ပါတယ်။
Trophies and cash prizes will be awarded to the Top 10 finishers of the 21km and 10km categories. Additionally, everyone who crosses the finish line within the designated time limit will receive a Finisher Medal. 21km runners will also be presented with a Finisher Shirt.
Registration link တွင်တစ်ခါထဲ ငွေပေးချေနိုင်ပါတယ်။JCB, MPU, Visa, Mastercard, MMQR, and UPI payment တွေနဲ့ လက်ခံပါတယ်။
You can pay directly through the registration link. Payments via JCB, MPU, Visa, Mastercard, MMQR, and UPI are accepted.
မရနိုင်ပါခင်ဗျာ/ရှင်။
No, you cannot.
ပြိုင်ပွဲစာရင်းဖြည့်သွင်း ပြီးချိန်မှစပြီး လူစားထိုးခြင်း ၊ ပိုက်ဆံပြန်အမ်းခြင်းများ လက်မခံပါ။
Substitutions and refunds are not accepted from the moment the race registration is completed and submitted.
ဟုတ်ကဲ့ရပါတယ် ဒါပေမယ့် အားပေးမဲ့သူများအနေနဲ့ကတော့ ပြိုင်ပွဲလမ်းကြောင်းအတွင်း မဟုတ်သော ၊ Fan များ အားပေးလို့ရနိုင်ရန် သတ်မှတ်ပေးထားမည့်နေရာတွင် အားပေးနိုင်ပါမယ်ခင်ဗျာ/ရှင်။
Yes, you can. However, supporters must cheer from the specific areas designated for fans and are not allowed inside the race route.
ပြိုင်ပွဲအတွင်း အဆာပြေ မုန့်များ ၊ Energy Drinks ၊ ရေသန့်များကို ပြိုင်ပွဲဝင် များအတွက်သာ ပြင်ဆင်ပေးသွားမယ် ဖြစ်ပါတယ်ခင်ဗျာ/ရှင် ။
Light snacks, energy drinks, and bottled water will be prepared for race participants only.
ဟုတ်ကဲ့ BIB ရင်ဘက်တံဆိပ်ပေးသွားမှာပါ။ Timing Chip လဲပါမှာမို့လို့ Bib မဝတ်ထားရင် Official Race Result ထွက်မှာမဟုတ်ပါဘူး။
Yes, a BIB chest tag will be provided. It includes a Timing Chip, so if you do not wear your Bib, an Official Race Result will not be generated.
Check in and Orientation date ကို October 9th နဲ့ 10th ရက်နေ့ သတ်မှတ်ထားပြီး မနက် ၉နာရီမှ ၅နာရီ တွင်း ပြိုင်ပွဲဝင်များမဖြစ်မနေ လာရောက်ရမည် ဖြစ်ပြီး ထိုနေ့တွင် Bib No များ စတင် ထုတ်ယူနိုင်ပါတယ်။
Check-in and Orientation dates are set for October 9th and 10th, from 9:00 AM to 5:00 PM. Participants must mandatory attend, and Bib numbers can be collected starting on those days.
ဟုတ်ကဲ့ ကိုယ်စားလာထုတ်ယူလို့ရပါတယ်ခင်ဗျာ/ရှင်။ ဒါပေမယ့် ကိုယ်စားထုတ်ယူပေးမယ့်သူတွေကတော့
- ပြိုင်ပွဲဝင်ရဲ့ QR Digital confirmation letter (သို့မဟုတ်) Print ထုတ်ထားတဲ့ QR confirmation letter နှင့်
- ကိုယ်စားထုတ်ယူမယ့် သူရဲ့ မှတ်ပုံတင် သို့မဟုတ် Passport ကို မဖြစ်မနေယူဆောင်လာပြီး Counter တွင်ပြပေးရပါမည်။
Yes, someone else can collect it on your behalf. However, they must bring the participant’s QR Digital/Printed confirmation letter along with their own NRC or Passport to show at the counter.
Bib number ကို ကြိုက်တဲ့ နံပါတ်ရွေးချယ်၍ မရပါ။ Bib number များကို Expo Day နေ့တွင် collect လုပ်နိုင်ပါသည်။
You cannot choose a specific Bib number. Bib numbers can be collected on Expo Day.
မရှိပါဘူး။ ကိုယ့်ရဲ့အိတ်တွေ ပစ္စည်းတွေကို ကိုယ်နဲ့အတူပါလာတဲ့ မိတ်ဆွေ/သူငယ်ချင်းတွေကိုပဲ သိမ်းခိုင်းလို့ရပါမယ်။
No, there won’t be one. You will need to leave your belongings with the friends or family members who come with you.
၃ ကီလိုမီတာ (3KM) အပြေးပြိုင်ပွဲအတွက် Hydration Station (၁) ခု စီစဉ်ပေးထားမည်ဖြစ်ပါသည်။
၁၀ ကီလိုမီတာ (10KM) နှင့် ၂၁ ကီလိုမီတာ (21KM) အပြေးပြိုင်ပွဲများအတွက် Hydration & Electrolyte Stations (၄) ခု စီစဉ်ပေးထားမည်ဖြစ်ပြီး၊ ပြိုင်ပွဲဝင်များအနေဖြင့် လမ်းကြောင်းတစ်လျှောက် ရေဓာတ်နှင့် Electrolyte များ ဖြည့်တင်းနိုင်မည်ဖြစ်ပါသည်။ Medical tents တွေလဲ ပြေးလမ်းကြောင်းမှာ ရှိနေမှာပါခင်ဗျာ/ရှင့်။
1 Hydration Station will be arranged for the 3KM race. 4 Hydration & Electrolyte Stations will be set up for the 10KM and 21KM races along the route. Medical tents will also be present on the track.
Official cut-off time အတွင်း ပန်းဝင်လာတဲ့ Finishers တွေကိုတော့ Finisher Medal နှင့် Digital e-Certificate ပေးအပ်သွားမှာဖြစ်ပါတယ်။ (Digital e-Certificate တွေကိုတော့ SCSC Website မှာ ပြိုင်ပွဲပြီး 14 ရက်အတွင်း Official post တင်ပေးသွားမှာ ဖြစ်ပါတယ်။
Finishers within the official cut-off time will receive a Finisher Medal and a Digital e-Certificate (posted on the SCSC Website within 14 days after the race).
Membership
SCSC is a members-only club. We offer two types of Memberships. Subscription membership enjoys unlimited access to the club while package membership enjoys credit-based membership with flexibility.