Membership

Rules & Regulations

BiB Number ထုတ်ယူခြင်းဆိုင်ရာ သတ်မှတ်ချက်များ (Rules and Regulations for BIB Number Collection)
  • ပြိုင်ပွဲဝင်များသည် သတ်မှတ်ထားသော အောက်တိုဘာ (၉၊၁၀) ရက် မနက် ၉နာရီမှ ညနေ ၅ နာရီ အတွင်း လူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပြီး မိမိ၏ မှတ်ပုံတင် (ID Card) နှင့် Confirmation QR Code မဖြစ်မနေ ယူဆောင်လာရမည်။
  • လူကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက ကိုယ်စားလှယ်ဖြင့် ထုတ်ယူခွင့်ပြုသည်။ ထိုသို့ ကိုယ်စားထုတ်ယူရာတွင် ပြိုင်ပွဲဝင်၏ မှတ်ပုံတင်မိတ္တူနှင့် Confirmation QR Code ကို ပြသ၍ ထုတ်ယူရမည်။
Rules and Regulations for BIB Number Collection
  • Participants must collect their Bib Number in person on October 9th and 10th, between 9:00 AM and 5:00 PM. Please ensure you bring your ID card and Confirmation QR Code, as both are strictly required for pickup.
  • If a participant is unable to collect it in person, collection by a representative is permitted. In such cases, the representative must present a copy of the participant’s ID card and the Confirmation QR Code to collect the BIB.

 

Bib Number နှင့် Timing Chip ဝတ်ဆင်ခြင်း (Wearing the BIB Number and Timing Chip)
  • ပြိုင်ပွဲဝင်တိုင်း Bib Number နှင့် Timing Chip တို့ကို ပွဲစဉ်တစ်လျှောက်လုံး မဖြစ်မနေ ဝတ်ဆင်ထားရမည်။
  • Bib Number ကို အများမြင်သာသောနေရာဖြစ်သည့် ရင်ဘတ် (သို့မဟုတ်) ဗိုက်တွင် အသေအချာ တပ်ဆင်ထားရှိရမည်။
  • Bib Number များအား ခေါက်ခြင်း၊ ချိုးခြင်းမပြုလုပ်ရန်လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် Timing Chip သည် Bib Number တွင်ပါရှိသောကြောင့် ကျိုးခြင်း၊ခေါက်ခြင်းပြုလုပ်ပါက Official results ရရှိမည်မဟုတ်သောကြောင့်ဖြစ်သည်။
Wearing the BIB Number and Timing Chip
  • Every participant must wear their BIB number and Timing Chip throughout the entire duration of the race.
  • The BIB number must be securely attached to a clearly visible area on the chest or torso.
  • Folding, bending, or damaging the BIB number is strictly prohibited. Because the timing chip is attached to the bib number, if it is broken or folded, you will not receive an official result.

 

ပြိုင်ပွဲအချိန်ဇယားနှင့် ပန်းဝင်ချိန် (Cut-Off Time) (Race Schedule and Cut-Off Times)

ပြိုင်ပွဲဝင်များသည် မိမိတို့သက်ဆိုင်ရာ အကွာအဝေးအလိုက် သတ်မှတ်ထားသော ပွဲချိန်များအတိုင်း အချိန်တိကျစွာ လာရောက်ရမည်။သတ်မှတ်ထားသည့်အချိန်ထက် နောက်ကျပြီးမှရောက်ရှိလာသောပြိုင်ပွဲဝင်များအားပါဝင်ယှဉ်ပြိုင်ခွင့်ပေးမည်မဟုတ်ပါ။

  • ပြိုင်ပွဲဝင်များရောက်ချိန် : နံနက် ၃:၃၀ နာရီ (3:30 AM)
  • ပန်းဝင်ချိန်များ (Cut-Off Times):
    • မနက် ၆း၁၅ နာရီ – ၃ ကီလိုမီတာ ပန်းဝင်ချိန် ( ၄၅ မိနစ် ကန့်သတ်ချိန် )
    • မနက် ၇း၀၀ နာရီ – ၁၀ ကီလိုမီတာ ပန်းဝင်ချိန်။ (၂ နာရီ ကန့်သတ်ချိန်)
    • မနက် ၈း၃၀ နာရီ – ၂၁ ကီလိုမီတာ ပန်းဝင်ချိန်။ (၄ နာရီ ကန့်သတ်ချိန်)
Race Schedule and Cut-Off Times

Participants must arrive on time according to the schedule specified for their respective distances. Late arrivals will not be permitted to participate in the race.

  • Participants Arrival Time : 3:30 AM
  • Cut-Off Times:
    • 6:15 AM – Cut-off time for the 3 km race (COT : 45 Minutes)
    • 7:00 AM – Cut-off time for the 10 km race (COT : 2 Hours)
    • 8:30 AM – Cut-off time for the 21 km race (COT : 4 Hours)

 

Cut-Off Time နှင့် (Check Points) များ (Cut-Off Time and Checkpoints)
  • ပြိုင်ပွဲဝင်များသည် သတ်မှတ်ထားသော Check Points အားလုံးကို မဖြစ်မနေ ဖြတ်သန်းရမည်။ Check Point ကျော်ဖြတ်မှုမရှိပါက DNF (Did Not Finish) အဖြစ် သတ်မှတ်မည်။
  • သတ်မှတ်ထားသော Cut-Off Time အတွင်း ပန်းဝင်သည့် ပြိုင်ပွဲဝင်များကိုသာ Finisher အဖြစ် အသိအမှတ်ပြုမည်။
  • Cut-Off Time အတွင်းပန်းဝင်သော ပြိုင်ပွဲဝင်များသည်း Finisher Medal ကိုရရှိသော်လည်း Check Points များအားမဖြတ်ခဲ့ပါက Official website တွင် DNF အဖြစ်ဖော်ပြခြင်းခံရမည်။
  • Cut-Off Time ထက် နောက်ကျပြီးမှ ပန်းဝင်သည့် ပြိုင်ပွဲဝင်များသည် Official Race Result ရရှိမှာမဟုတ်ပါ။ DNF သတ်မှတ်ပါမည်။
Cut-Off Time and Checkpoints
  • Runners must pass through all designated Checkpoints. Failure to clear any Checkpoint will result in a DNF (Did Not Finish) status.
  • Only participants who cross the finish line within the stipulated Cut-Off Time will be recognized as official Finishers.
  • While participants who finish within the Cut-Off Time will receive a Finisher Medal, they will still be listed as DNF on the official website if they missed any Checkpoints.
  • Participants who cross the finish line after the Cut-Off Time will not receive an Official Race Result and will be classified as DNF.

 

အရည်အချင်းပြည့်မီမှုနှင့် ဆုကြေးခံစားခွင့် (Eligibility and Prize Entitlement)

အထက်ပါ ပြိုင်ပွဲစည်းကမ်းချက်အားလုံးကို အပြည့်အဝ လိုက်နာပြီး သတ်မှတ်ချက်အတွင်း (၂၁ ကီလိုမီတာ နှင့် ၁၀ ကီလိုမီတာ) ပန်းဝင်သူများကိုသာ Digital E-certificates နှင့် Top 1 to 10 Prizes (အဆင့် ၁ မှ ၁၀ အထိ ဆုတံဆိပ်များ) အတွက် အရည်အချင်းပြည့်မီသူ (Qualified) အဖြစ် သတ်မှတ်ပြီးချီးမြှင့်မည် ဖြစ်သည်။

Eligibility and Prize Entitlement

Only participants who fully comply with all the aforementioned race regulations and cross the finish line within the designated time limits will be eligible to download E-certificates and be qualified for the Top 1 to 10 Prizes.

Membership

SCSC is a members-only club. We offer two types of Memberships. Subscription membership enjoys unlimited access to the club while package membership enjoys credit-based membership with flexibility.​