Membership

Frequently Asked Question

ပြိုင်ပွဲ ဘယ်နေ့လဲ? (When is the race?)

အောက်တိုဘာလ ၂၆ ရက်နေ့၊ မနက် ၅ နာရီမှ ၁၁ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်များအနေဖြင့် မနက် ၄:၃၀ AM တွင် Check-in အပြီးလုပ်ပေးရပါမယ်။

The race will be held on October 26th, from 5:00 AM to 11:00 AM. All participants must complete their check-in by 4:30 AM.

Category အနေဖြင့် ဘယ်လိုရှိပါလဲ? (What are the categories?)
  • 26.5 Elite (Male / Female)
  • 26.5 Open (Male / Female)
  • 26.5 Relay (Mixed Gender)
    • 1,000m Swim
    • 31.7km Bike
    • 10km Run
  • Sprint Open (Male / Female)
    • 500m Swim
    • 11km Bike
    • 5km Run
Categories:
  • (26.5) Elite: အတွေ့အကြုံရှိပြီး ယှဉ်ပြိုင်လိုသူများအတွက်ဖြစ်ပြီး အောက်ပါအချိန် ကန့်သတ်ချက်များအတွင်း ပြီးဆုံးရန် ရည်ရွယ်ထားသူများအတွက် ဖြစ်ပါသည်။ For experienced athletes aiming to complete the race within the following time limits:
    • အမျိုးသား (Male) – 2:45 (Cutoff Time) – Swim COT (30mins)
    • အမျိုးသမီး (Female) – 3:15 (Cutoff Time) – Swim COT (35mins)
  • (26.5) Open:
    • အမျိုးသား (Male / Female) – 3:50 (Cutoff Time) – Swim (45mins)
  • Relay (26.5): (၂) သို့မဟုတ် (၃) ဦးပါဝင်သော အဖွဲ့များအတွက် သင့်တော်ပြီး အဖွဲ့ဝင်တစ်ဦးစီက ပြိုင်ပွဲ၏ တစ်စိတ်တစ်ပိုင်းကို ပြီးဆုံးအောင် ယှဉ်ပြိုင်ရမည်။ Ideal for groups of 2 or 3 participants, where each member completes a different part of the race.
    • 3:50 (Cutoff Time) – Swim (45mins)
  • Open (Sprint):
    • 2:30 (Cutoff Time) – Swim (40mins)
Elite ကို မည်သို့သောသူများ ယှဉ်ပြိုင်သင့်ပါသလဲ? (Who should compete in Elite?)

ဟုတ်ကဲ့၊ အကို/အမတို့အနေဖြင့် ယခင် triathlon ပြိုင်ပွဲတွင် top 5 ဖြစ်ခဲ့ပါက Elite category တွင်ပါဝင်ရန် တိုက်တွန်းပါတယ်။ Elite category တွင် COT သည် အမျိုးသားများအတွက် 2:45 ဖြစ်ပြီး အမျိုးသမီးများအတွက် 3:15 ဖြစ်သောကြောင့် အတွေ့အကြုံရှိပြီးသောသူများအနေဖြင့် ပိုမိုစိန်ခေါ်မှုရလဒ်များ ပြုလုပ်လိုပါက Elite တွင်ပါဝင်သင့်ပါတယ်။ 

If you were in the top 5 of a previous triathlon, we encourage you to join the Elite category. The Cutoff Time for Elite is 2:45 for males and 3:15 for females, so it is recommended for experienced athletes who are looking for a greater challenge.

Open ကို မည်သို့သောသူများ join သင့်ပါသလဲ? (Who should join Open?)

26.5 နှင့် Sprint နှစ်ခုစလုံးတွင် Tri ကစားသမားများအတွက် အမျိုးသားနှင့် အမျိုးသမီး Open category ရှိပါတယ်။ 26.5 miles အပြည့်ကို ၃ နာရီ ၅၀ မိနစ်အောက် ပြီးအောင် အကို/အမတို့ကိုယ်တိုင် စိန်ခေါ်မှုအတွက် ပါဝင်လို့ရမှာဖြစ်ပါတယ်။

Both the 26.5 and Sprint distances have Male and Female Open categories for triathlon athletes. You can challenge yourself to complete the full 26.5 miles in under 3 hours and 50 minutes.

Registration Fee က ဘယ်လိုယူပါလဲ? (What is the Registration Fee?)

Early Bird – Registration fee (ဩဂုတ်လ ၃၁ ရက်နေ့တွင် သို့မဟုတ် ပါဝင်သူ ၁၅၀ ပြည့်ပါက ပိတ်ပါမည်။) (closes on Aug 31st or when registration reaches 150 participants)

  • Elite 26.5 – Local : 185,000 ks/ person
  • Elite 26.5 – Foreigner : 235,000 ks/person
  • Open 26.5 – Local : 185,000 ks/ person
  • Open 26.5 – Foreigner : 235,000 ks/person
  • Relay 26.5 – Local : 165,000 ks/person
  • Relay 26.5 – Foreigner : 215,000 ks/person
  • Open Sprint – Local : 120,000 ks/person
  • Open Sprint – Foreigner : 170,000 ks/person

Normal Rate Registration Fee (စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပိတ်ပါမည်။) (closes on Sep 30th)

  • Elite 26.5 – Local : 250,000 ks/ person
  • Elite 26.5 – Foreigner : 300,000 ks/person
  • Open 26.5 – Local : 250,000 ks/ person
  • Open 26.5 – Foreigner : 300,000 ks/person
  • Relay 26.5 – Local : 220,000 ks/person
  • Relay 26.5 – Foreigner : 270,000 ks/person
  • Open Sprint – Local : 150,000 ks/person
  • Open Sprint – Foreigner : 200,000 ks/person
Upgrading and downgrading

Sprint Distance မှ 26.5 Distance သို့ category change ပြုလုပ်လိုပါက ပြိုင်ပွဲဝင်အနေဖြင့် distance နှစ်ခုကြား ကွာဟသော Registration Fee + ၃၅,၀၀၀ ကျပ် (Admin Fee) ကို ပေးသွင်းရမှာဖြစ်ပါတယ်။ Category change ကိုတော့ စက်တင်ဘာလ ၃၀ ရက်နေ့အထိသာ ပြုလုပ်နိုင်မှာဖြစ်ပြီး 26.5 Distance မှ Sprint Distance သို့ပြောင်းလဲပါက ကွာဟသော registration fee ပမာဏကို refund ပြန်လည်ပြုလုပ်ပေးမည် မဟုတ်ပါ။

Participants may upgrade their race category (e.g., from Sprint to 26.5) by paying the price difference + 35,000 ks (admin fee). All upgrades must be requested before September 30th, 2025. For downgrading, the price difference will not be refunded.

Registration Open

ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၅

July 31st, 2025

Registration Deadline?

Early Bird Rate Deadline: ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက် (သို့မဟုတ်) ပါဝင်သူ ၁၅၀ ပြည့်ပါက။ Normal Rate Deadline: ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။

Early Bird Rate Deadline: August 31st, 2025 (or) when registration reaches 150 participants. Normal Rate Deadline: September 30th, 2025.

Relay ဘယ်နှစ်ယောက် ပြိုင်လို့ရသလဲ? (How many people can compete in a Relay?)

အနည်းဆုံး ပြိုင်ပွဲဝင် ၂ ယောက်မှ ၃ ယောက်အထိ ပါဝင်ယှဉ်ပြိုင်ရမှာပါ။ 

A minimum of 2 to a maximum of 3 participants can compete.

ရေကူးနဲ့ အပြေးတစ်ယောက်၊ စက်ဘီးတစ်ယောက် လက်ခံသလား? (Is it acceptable for one person to do swimming and running, and another person to do biking?)

ဟုတ်ကဲ့။ Relay ပြိုင်ပွဲအတွက် ၂ ယောက်ရှိရင် တစ်ယောက်ကနေ Sport Type ၂ ခုကို ယှဉ်ပြိုင်နိုင်ပြီး ကျန်တစ်ယောက်က နောက်တစ်မျိုးကို ယှဉ်ပြိုင်နိုင်ပါတယ်။ 

Yes. For the Relay race, if there are two people, one person can compete in two sports, and the other person can compete in the remaining sport.

စက်ဘီးကို တစ်ရက်ကြိုလာထားလို့ရမလား? (Can I drop off my bike one day in advance?)

ဟုတ် ရပါတယ်။ 

Yes, you can.

Relay အတွက်က ကျား မ ဘယ်လိုပြိုင်ရမှာပါလဲ? (For Relay, how do male and female participants compete?)

Relay အတွက် ပြိုင်ပွဲဝင်များ ကျား မ ပေါင်းပြီး ပြိုင်လို့ရပါတယ်။

For the Relay, male and female participants can compete together.

ဘယ်အသက်အရွယ်ကစပြီး ပါဝင်ယှဉ်ပြိုင်လို့ရပါလဲ? (What is the minimum age to participate?)

အသက် ၁၂ နှစ်ကစပြီး ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ ၁၈ နှစ်အောက်များသည် မိဘ/အုပ်ထိန်းသူ၏ ခွင့်ပြုချက်ပါမှ ဝင်ပြိုင်ခွင့်ရမှာပဲဖြစ်ပါတယ်။ 

Participants aged 12 and above can compete. Those under 18 must have parental or guardian consent to participate.

Form ဖြည့်ပြီး အောင်မြင်ကြောင်း ဘယ်လိုသိရမလဲ? (How will I know if my form submission was successful?)

Form ဖြည့်ပြီး ၂၄ နာရီအတွင်း Registration Form ဖြည့်ခြင်းအောင်မြင်ကြောင်း ဖုန်းဆက်အကြောင်းကြားပေးပါမည်။

We will contact you by phone within 24 hours of your form submission to confirm successful registration.

ပိုက်ဆံပို့ပြီး ရောက်ကြောင်း အကြောင်းပြန်ပါသလား? (Will I receive confirmation after sending the payment?)

ဟုတ်ကဲ့၊ ငွေလွှဲပြီးတာနဲ့ ပိုက်ဆံလက်ခံရရှိကြောင်း ၂၄ နာရီအတွင်း ဆက်သွယ်အကြောင်းကြားပေးပါမယ်။ 

Yes, we will contact you within 24 hours of receiving your payment to confirm it has been received.

အများဆုံးသတ်မှတ်ထားတဲ့ စံချိန်ရှိပါလား? (Is there a maximum cutoff time?)

Open category မှာတော့ ၃ နာရီ ၅၀ မိနစ် သတ်မှတ်ထားပြီး အဲ့နောက်ပိုင်းမှ ဝင်ရောက်တဲ့သူများကတော့ Disqualified ဖြစ်သွားမှာဖြစ်ပါတယ်။ DNF သမားများကတော့ Finisher medals, Finisher T-shirt မရတော့ဘဲ DNF T-shirt ပဲ ရသွားမှာပါ။

 In the Open category, the cutoff time is 3 hours and 50 minutes. Participants who finish after this time will be disqualified. Those who DNF (Did Not Finish) will not receive a Finisher medal or Finisher T-shirt but will receive a DNF T-shirt.

ဆုကြေးအနေနဲ့ ဘယ်လိုပေးမှာလဲ? (What are the prizes?)

အသေးစိတ်ကို နောက်မှ ကြေညာပေးသွားပါမယ်။

Details will be announced later.

စက်ဘီးကို ကားတင်ချင်ရင် ဘယ်လောက်ပေးရမလဲ? (How much does it cost to transport a bike by car?)

စက်ဘီးတစ်စီးအတွက် ၁၀,၀၀၀ ကျပ် (အသွားအပြန်စာ) ကျသင့်ပါမှာပါ။ 

It costs 10,000 kyats per bike (for a round trip).

ငွေလွှဲကို Online payment နဲ့ ပေးလို့ရပါလား? (Can I pay with online payment?)

Wave, Kpay, AYA Pay တို့ဖြင့် ပေးဆောင်နိုင်ပါတယ်။ 

You can pay with Wave, Kpay, or AYA Pay.

အကြောင်းကြောင်းကြောင့် ဝင်မပြိုင်ဖြစ်ရင် လူစားထိုးလို့ရမလား? (If I can't compete for some reason, can I have someone replace me?)

မရနိုင်ပါဘူး။ 

No, you cannot.

လူစားထိုးမရရင် ပိုက်ဆံပြန်အမ်းပါသလား? (If I can't have a replacement, will I get a refund?)

ပြိုင်ပွဲစာရင်းဖြည့်သွင်းချိန်မှစပြီး လူစားထိုးခြင်း၊ ပိုက်ဆံပြန်အမ်းခြင်းများ လက်မခံပါ။ 

Once you have registered for the race, replacements and refunds are not accepted.

တခြား Sports Club ကိုဘယ်လိုလာဖို့ စီစဉ်ပေးထားတာမျိုးရှိပါလဲ? (Are there any arrangements for transportation from other sports clubs?)

SCSC ဘက်အနေဖြင့် ဆုံရပ် သုဝဏ္ဏအားကစားရှေ့တွင် အသွားအပြန် ကားစီစဉ်ပေးထားပြီး၊ မနက် ၄ နာရီ ၁၅ မိနစ်တွင် စတင်ထွက်ခွာမှာဖြစ်ပြီး ကားခမှာ အခမဲ့ ဖြစ်ပါတယ်။ 

SCSC will arrange a round-trip shuttle from the meeting point in front of the Thuwanna Stadium. It will depart at 4:15 AM, and the transportation is free of charge.

ပြိုင်ပွဲနေ့ မိသားစု၊ သူငယ်ချင်းများ ခေါ်လာလို့ရသလား? (Can I bring family and friends on race day?)

အားပေးမယ့်သူများအနေနဲ့ ပြိုင်ပွဲလမ်းကြောင်းအတွင်း မဟုတ်သော၊ Fan များ အားပေးလို့ရနိုင်ရန် သတ်မှတ်ပေးထားမည့်နေရာတွင် အားပေးနိုင်ပါမယ်။

Spectators can cheer from designated areas that are not on the race route.

ဘာကျွေးမလဲ? (What food will be provided?)

ပြိုင်ပွဲအတွင်း အဆာပြေ ငှက်ပျောသီး၊ Energy Drinks၊ ရေသန့်များကို ပြိုင်ပွဲဝင်များအတွက်သာ ပြင်ဆင်ပေးသွားမှာဖြစ်ပါတယ်။ 

Light snacks like bananas, energy drinks, and bottled water will be provided for participants only during the race.

GYM ဆော့လို့ရမလား ပြိုင်ပွဲပြီးရင်? (Can I use the gym after the race?)

ပြိုင်ပွဲဝင်များသည် တခြားသော် Sports Club Facility များကို ပြိုင်ပွဲအတွင်းနှင့် ပြိုင်ပွဲအပြီး အသုံးပြုခွင့်မရှိပါ။ 

Participants are not allowed to use other Sports Club facilities during or after the race.

ရေကူးအတွက် လမ်းကြောင်းပြောင်းလဲတာက ဘယ်လိုပါလဲ? (How is the swimming lane changed?)

တစ်ကြိမ်လျှင် တစ်ယောက်နှုန်းဖြင့် စထွက်ရမှာဖြစ်ပါတယ်။ 

Participants will start one at a time.

စက်ဘီးကိုတစ်ရက် ကြိုတင်ပြီး လာထားလို့ရပါလား? (Can I drop off my bike one day in advance?)

ဟုတ်ကဲ့၊ အောက်တိုဘာ ၂၅ ရက်နေ့၊ မနက် ၈ နာရီမှ ညနေ ၈ နာရီအထိ စက်ဘီးများကို လာရောက်ထားနိုင်ပါတယ်။ 

Yes, you can drop off your bikes on October 25th, from 8:00 AM to 8:00 PM.

Check-in date?

Check-in date ကို အောက်တိုဘာ ၂၅ ရက်နေ့ သတ်မှတ်ထားပြီး မနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ထိုနေ့တွင် Bib Number များကို စတင်ထုတ်ယူနိုင်ပါတယ်။ 

The check-in date is set for October 25th, where participants can pick up their Bib numbers from 8:00 AM to 4:00 PM.

Bike အမျိုးအစားသတ်မှတ်ထားလား? (Are there any restrictions on bike types?)

Bike ကို မည်သည့်အမျိုးအစားဖြင့် ပြိုင်ရမည်ဆိုတာမျိုး သတ်မှတ်ထားခြင်းမရှိပါဘူး။ သို့ပေမယ့် Route လမ်းကြောင်းများသည် ယခင်ပွဲထက် များလာသောကြောင့် Mountain Bike ဖြင့်ယှဉ်ပြိုင်ရန် လေးစားစွာအကြံပြုအပ်ပါတယ်။ AeroBar အသုံးပြုခွင့် မရှိပါဘူး။ 

There are no specific restrictions on the type of bike you can use. However, as the route has more challenging sections than the previous race, we respectfully recommend using a Mountain Bike. AeroBars are not permitted.

Membership

SCSC is a members-only club. We offer two types of Memberships. Subscription membership enjoys unlimited access to the club while package membership enjoys credit-based membership with flexibility.​